International News

ဟိုင်နန်ပြည်နယ်အား လွတ်လပ်သောကုန်သွယ်ရေး ဆိပ်ကမ်းအဖြစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်နိုင်မည်လား

Last Updated:

ကမ္ဘာတစ်ဝန်းတွင် လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် အထူးစီးပွားရေးဇုန်များကို ပျံ့နှံ့စွာ ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံရှိ လူဦးရေ (၉) သန်းခန့်ရှိသော ဟိုင်နန်ဒေသ သည်လည်း ပါဝင်လာကြောင်း၊ ပေကျင်းသည်ဟောင်ကောင်ဒေသအစား ဟိုင်နန်ကိုလွတ်လပ်စွာ ကုန်သွယ်ရေးဒေသအဖြစ် ဆောင်ရွက်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) အဖွဲ့ဝင်ဖြစ်ရာလွတ်လပ်စွာကုန်သွယ်ခွင့်၊ အကောက်ခွန်စနစ်နှင့် မူဝါဒများ ရှိသော်လည်း ဟိုင်နန်တွင်မရှိကြောင်း၊ ဟိုင်နန်တွင် ကုန်ပစ္စည်းအများစုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်၊ ဝင်ငွေခွန်‌ လျှော့ချကောက်ခံခြင်းနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များနှင့် ကျွမ်းကျင်ပညာရှင်များကို ဗီဇာဖြေလျှော့ပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အခြား‌သောဒေသများသို့ တင်သွင်းသည့် ကုန်ပစ္စည်းများ ကိုလည်း အကောက်ခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဟိုင်နန်နှင့် တရုတ်ပြည်မကြီးတို့အကြား အကောက်အခွန်ထိန်းချုပ်မှုကို ၂၀၂၅ ခုနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဟိုင်နန်၏ စီမံချက်ပြီးပြည့်စုံရန် ‌(၁၀) နှစ်ကျော်ကြာမည်ဖြစ်ကြောင်း၊ ဟိုင်နန်၌ စက်ရုံများကို ပိုမိုဈေးသက်သာစွာ ဖွင့်လှစ်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း၊ ဟိုင်နန်ပြည်နယ်အနေဖြင့် လွတ်လပ်စွာကုန်သွယ်ခွင့် ဆိပ်ကမ်းမဟုတ်ဘဲ ယခင်ဆောင်ရွက်နေသည့် အခွန်သက်သာခွင့်နှင့် ကုန်သွယ်ရေးဆိုင်ရာ မက်လုံးများပေးထားသော အထူးစီးပွားရေးဇုန်အနေဖြင့်သာ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လွတ်လပ်စွာကုန်သွယ်ရေးဇုန် (၅,၃၈၃) ဇုန်ရှိပြီး ထက်ဝက်ခန့်မှာတရုတ်နိုင်ငံ၌ရှိကြောင်း၊ တရုတ်နိုင်ငံရှိ အထူးစီးပွားရေးဇုန်များမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်ရန်နှင့် ပို့ကုန် တိုးတက်ရန်ဖြစ်ကြောင်း၊ ရှန်ဟိုင်းဆိပ်ကမ်းမှာ ဟိုင်နန်ဆိပ်ကန်းနှင့် ယှဉ်လျှင်လွန်စွာသေးငယ်ကြောင်း၊ WTO စည်းမျဉ်းစာအုပ်တွင် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်နှင့် ပတ်သက်သည့်ဖော်ပြချက်များစွာ မပါဝင်ကြောင်း၊  ပေကျင်းမှ ဆုံးဖြတ်ချက်ချသူများအနေဖြင့် ၎င်းတို့၏ မူဝါဒများမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့အကောက် အခွန်အဖွဲ့၏ စည်းမျဉ်းများနှင့်ကိုက်ညီနေသည်ဟု ယုံကြည်နေလိမ့်မည်ဟု ထင်မြင် ယူဆလျှက်ရှိကြကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Finbarr Bermingham  က “Will Hainan’s Free –Trade Port Play By WTO Rules?”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News